ပို့ကုန်များဖြန့်ကျက်တင်ပို့နိုင်ရေး ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးဆွေးနွေး တိုက်တွန်း

0
249

ပို့ကုန်များကို လက်ရှိတင်ပို့နေသည့်နိုင်ငံများအပြင် အခြားနိုင်ငံများကိုလည်း ချဲ့ထွင်တင်ပို့နိုင်ရေးနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက တိုက်တွန်းပြောကြားခဲ့သည်။

သြဂုတ် ၂၅ ရက်ညနေပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်တာချီလိတ်နယ်စပ်ကုန်သည်များအသင်းတို့မှအသင်းဝင်များကို တာချီလိတ်မြို့၌တွေ့ဆုံစဥ် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် ကုန်သွယ်မှုကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ပို့ကုန်မြှင့်တင်ရေး၊အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ပို့ကုန်ဈေးကွက်ကို ထိုင်းနိုင်ငံဈေးကွက်အပြင် လာအိုနှင့်တရုတ်နိုင်ငံသို့ပါ ဈေးကွက်ချဲ့ထွင်နိုင်ရေးဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ပို့ကုန်တိုးမြှင့်တင်ပို့ရာ၌ တစ်ဖက်နိုင်ငံ ဆက်စပ်ပြည်နယ်များအပြင် အခြားပြည်နယ်များအထိ မိမိပို့ကုန်များဖြန့်ကျက်တင်ပို့နိုင်ရေး၊တတိယနိုင်ငံများသို့ပါ မိမိကုန်စည်များတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ကုန်သည်လုပ်ငန်းရှင်များက ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ပေးရမည့်ကိစ္စများနှင့်ကုန်စည်များ လွယ်ကူချောမွေ့စွာသယ်ယူနိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here