အာဖရိကစက်မှုထွန်းကားရေးကိုပံ့ပိုးရန် တရုတ်သမ္မတရှီကတိပြု

0
283

ဂျိုဟန်နက်စ်ဘာ့ဂ်၊ဩဂုတ် ၂၅

တရုတ်နိုင်ငံသည် အာဖရိက၏စက်မှုထွန်းကားရေးနှင့် လယ်ယာကဏ္ဍခေတ်မီတိုးတက်ရေးတို့ကို ပံ့ပိုးကူညီမည့် အစီအစဥ်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ဩဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေးတွင် အာဖရိကခေါင်းဆောင်များအားပြောကြားခဲ့သည်။

“အာဖရိကနှင့်ပူးပေါင်းဆောင်ရွက်မှု၌ ကုန်ထုတ်လုပ်မှုကဏ္ဍကြီးမားလာစေရန်၊စက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို လက်တွေ့အကောင်အထည်ဖော်ရာတွင်ပံ့ပိုးပေးရန်အတွက်တရုတ်အနေဖြင့် ၎င်း၏အရင်းမြစ်များကိုပိုမိုကောင်းမွန်စွာအသုံးချသွားမည်ဖြစ်သည်” ဟုလည်းသမ္မတရှီကပြောကြားခဲ့သည်။

လစ်ဗျား၊နိုင်ဂျီးရီးယား၊ဆီနီဂေါနှင့် ဇမ်ဘီယာအပါအဝင် အာဖရိကနိုင်ငံ ၁၁ နိုင်ငံမှ ခေါင်းဆောင်များ၊ဝန်ကြီးများနှင့်တွေ့ဆုံစဉ် BRICS ထိပ်သီးအစည်းအဝေးပြီးဆုံးချိန်၌ ရှီက ယခုကဲ့သို့ ကတိပြုခဲ့ခြင်းလည်းဖြစ်သည်။

BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီး၊ရုရှား၊ အိန္ဒိယ၊တရုတ်နှင့် တောင်အာဖရိကတို့သည် အီဂျစ်နှင့်အီသီယိုးပီးယား အပါအဝင် အဖွဲ့ဝင်နိုင်ငံသစ်ခြောက်နိုင်ငံကိုထပ်တိုးလက်ခံရန် ကြာသပတေးနေ့က ဆုံးဖြတ်သဘောတူညီခဲ့ကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here