လူတစ်ဦးကို ဆန်တစ်ပြည် ၁၀၀ ကျပ် ကြက်ဥ ၁၀ လုံး ၁၀၀ ကျပ်ဖြင့် Aladdin Men Fashion ဆိုင်က ရောင်းချပေးမည်

0
354

ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ၁၀၀ ကျပ်ဖြင့် ဩဂုတ်၂၇ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း Aladdin Men Fashion ဆိုင်က အသိပေးကြေညာထားသည်။

ဩဂုတ် ၂၇ ရက်နေ့ နံနက် ၁၁ နာရီကစပြီး ရန်ကုန်မြို့ သင်္ဃန်းကျွန်း ဘဝမြင့်ဆိုင်ခွဲ တိုက် ၁ အမှတ် ၀၀၃ မြေညီထပ် လေးထောင့်ကန်လမ်းမကြီး၊ CB ဘဏ် မျက်စောင်းထိုး၊ ဘဝမြင့်မှတ်တိုင်အနီး သင်္ဃန်းကျွန်း မြို့နယ်တွင် လာရောက် တန်းစီဝယ်ယူနိုင်ကြောင်း သိရသည်။

Aladdin Men Fashion ဆိုင်က “ဆန် တစ်ပြည်ကို ၁၀၀ ကျပ် ကြက်ဥ ၁၀ လုံးတစ်ကဒ် ကို ၁၀၀ ကျပ် ဖြင့် Aladdin Men Fashion ဆိုင် မှာ ဝယ်ယူနိုင်ပါပြီ။ကြိုက်တာယူ ၁၀၀ ကျပ် ဖြင့် ဘာဘဲယူယူ တစ်ဦးလျှင်ကြိုက်နှစ်သက်ရာ တစ်မျိုးကိုယူလို့ရပါတယ် ။ဆန် ၃၅၀ ပြည် နှင့် ကြက်ဥ အလုံး ၂၀၀၀ တို့အား မကုန်မချင်းရောင်းချပေးသွားပါမယ်။ စနစ်တကျတန်းစီပေးဖို့လည်း မေတ္တာရပ်ခံပါတယ်”ဟု ပြောကြားထားသည်။

အဆိုပါ Aladdin Men Fashion ဆိုင်သည် ယခင်ကယခုလိုမျိုး မကြာခဏ ရောင်းချပေးခဲ့ခြင်းမျိုးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here