ပြည်မြို့တွင် ဆောက်လက်စတိုက်၏ ၄ ထပ်မှ အမျိုးသားတစ်ဦးခုန်ချ၍သေဆုံးခဲ့

0
268

ပဲခူးတိုင်း၊ပြည်မြို့၊ဆံတော်နယ်မြေရှိ ဆောက်လက်စတိုက်၏ ၄ ထပ်မှ အမျိုးသားတစ်ဦးခုန်ချခဲ့မှု သြဂုတ် ၂၆ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ပရဟိတပါရမီအသင်းမှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်မြို့၊ဆံတော်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ ဆောက်လက်စတိုက်တစ်လုံး၏ ၄ ထပ်အမြင့်မှ အမျိုးသားတစ်ဦးခုန်ချခဲ့၍ ခြေထောက်ကျိုး၊လက်နှစ်ချောင်းကျိုး၊တင်ပါးဆုံပေါက်နှင့်နဖူးကွဲဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“သက်လတ်ပိုင်းအရွယ်လောက်ပါ ဆောက်လက်စတိုက်ပေါ်ကခုန်ချခဲ့တဲ့လူက အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားမဟုတ်ပါဘူး သဲကုန်းဘက်ကလို့သိထားရတယ်၊ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုကို မသိရပါဘူး လူနာကအရေးကြီးနေတဲ့အတွက် ဆေးရုံကိုပို့ပေးစဥ်ထဲက မျော့နေပါပြီ ဆေးရုံအရောက်မှာပဲ သေဆုံးသွားပါတယ်”ဟု ပရဟိတပါရမီအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တိုက်ပေါ်မှခုန်ချခဲ့သည့် အမျိုးသားအား ပရဟိပါရမီအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဆေးရုံရင်ခွဲရုံသို့ထပ်မံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပရဟိတပါရမီ


LEAVE A REPLY

Please enter your comment!
Please enter your name here