မော်စကိုဒေသအတွင်းဝင်ရောက်လာသော ယူကရိန်း ချေမှုန်းရေး မောင်းသူမဲ့လေယာဉ်ကို ရုရှားလေတပ်က ဖျက်ဆီး

0
196

ရုရှားနိုင်ငံ မော်စကိုဒေသတွင်း ဝင်ရောက်လာသော ယူကရိန်း ချေမှုန်းရေး မောင်းသူမဲ့ လေယာဉ်တစ်စင်းအား ရုရှားလေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက စနေနေ့တွင် သတင်းထောက်များအား သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် Istra ခရိုင်အပေါ်တွင် ပျက်ကျခဲ့ကြောင်း သိရသည်။

“သြဂုတ်လ ၂၆ ရက်နေ့ မော်စကိုစံတော်ချိန် နံနက် ၃ နာရီခန့်တွင် မော်စကိုနှင့် မော်စကိုဒေသရှိ အဆောက်အအုံများကို တိုက်ခိုက်ရန် ကြိုးပမ်းလာသည့် ယူကရိန်း မောင်းသူမဲ့ လေယာဉ် ပျက်စီးသွားခဲ့သည်။ တာဝန်ကျလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များက မော်စကိုဒေသရှိ Istra ခရိုင်တွင် ဒရုန်းများကို ဖျက်ဆီးပစ်ခဲ့သည်။ ” ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ရုရှားမြို့တော်ဆီသို့ ဦးတည်ပျံသန်းလာသော တိုက်ခိုက်ရေးဒရုန်းတစ်စီးကို ရုရှားလေတပ်က ပစ်ချခဲ့သည်ဟု မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဘီယာနင်က ထိုနေ့အစောပိုင်းတွင် ပြောကြားခဲ့သေးသည်။

“လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များသည် မော်စကိုမြို့အနီးရှိ Istra ခရိုင်တွင် စနေနေ့နံနက်အစောပိုင်းက မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဖျက်ဆီးခဲ့သည်။ အသေအပျောက် သို့မဟုတ် ပျက်စီးမှုသတင်းများနှင့်ပတ်သက်၍ ကနဦးသတင်းပေးပို့ခြင်း မရှိသေးကြောင်း” ဆာဂျီဆိုဘီယာနင် က ၎င်း၏ Telegram ချယ်နယ်တွင် ရေးသားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here