ခရီးသွားလုပ်ငန်း မြှင့်တင်မည့်ထိုင်းဝန်ကြီးချုပ်သစ်၏ပထမ​ခြေလှမ်း

0
179

ထိုင်းဝန်ကြီးချုပ်သစ် ဆြီသာသည် ၎င်း၏ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ်ဖူးခက်ကို သောကြာနေ့က သွား​ရောက်ခြင်းဖြင့်စတင်ခဲ့သည်။

အိမ်ခြံမြေ သူဌေးကြီးတဖြစ်လဲ ဝန်ကြီးချုပ်သစ်ကခရီးသွား လုပ်ငန်းကို မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေနေခြင်းလည်း ဖြစ်သည်။

ဝန်ကြီးချုပ် ဆြီသာ နှင့်အဖွဲ့သည် ဖူးခက်မြို့ဟောင်းသို့ သွားရောက်ကာ ဒေသန္တရစီးပွားရေးပတ်ဝန်းကျင်ကို ကြည့်ရှုကာ စီးပွားရေး နှိုးဆွမှုအစီအစဉ်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ စိုးရိမ်ပူပန်မှုများကို ​မေးမြန်းဆွေးနွေးခဲ့ကြသည်။

လူထုအတွင်း လမ်းလျှောက်နေစဉ် ထိုင်းနှင့် နိုင်ငံခြားခရီးသွားများနှင့်အတူဆယ်လ်ဖီအရိုက်ခံရင်း ၄င်း PR ကျွမ်းကျင်မူကိုပြသခဲ့သည်။

၄င်း သည် စတိုးဆိုင်များစွာထံမှမုန့်များကိုမြည်းစမ်းရင်းအရသာကို သုံးသပ်​ပေးခဲ့သည်။

ဝန်ကြီးနှင့်အဖွဲ့သည် ဖူးခက်၊ပါသွန်းန်ကမ်း​ခြေရှိ Bangla Road သို့ သောကြာနေ့ညနေပိုင်းတွင် သွားရောက်လည်ပတ်ခဲ့​သေးသည်။

ထိုင်းလူမျိုးများ၊နိုင်ငံခြား ခရီးသွားများနှင့်လမ်းဘေး အစားအသောက်ရောင်းသူများကပါ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်သစ်သည် လုပ်ငန်းရှင်များနှင့် စကားပြောဆိုခဲ့ရာ အများစုက ည​စျေးတန်းနေရာများကို နံနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်​ပေးရန် အစိုးရကို တောင်းဆိုထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here