ယခုနှစ်တွင် မလေးရှားသို့လုပ်သားစေလွှတ်မှုရပ်ဆိုင်းထား၊ပိုက်ဆံယူနေ​သော​အေဂျင်စီများသတိထား

0
383

ယခု ၂၀၂၃ ခုနှစ်တွင် မလေးရှားသို့ ပြည်ပလုပ်သားတင်ပို့မှုကို ခေတ္တဆိုင်းငံ့ထားသည့်အတွက် လတ်တလောတွင် လုပ်သားစေလွှတ်မှုရပ်ဆိုင်းထားကြောင်း အေဂျင်စီအချို့၏ပြောကြားချက်အရ သိရသည်။

မလေးရှားသွားမည့် မြန်မာလုပ်သားများအနေဖြင့် ယခုနှစ်အတွင်း သွားရဖို့မရှိတော့ဘဲ လာ
မည့် ၂၀၂၄ ခုနှစ်မှသာ သွားရဖို့ရှိကြောင်း အလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

“အလုပ်အကိုင်အေဂျင်စီတွေကတော့ ဒီနှစ်ထဲသွားရမယ်ဆိုပြီး လိမ်ညာပြီး ပိုက်ဆံတွေယူနေကြတာတွေ့ရတယ်။အခုအချိန်ယူရင် ဒေါ်လာစျေးတက်တော့ သူတို့တွေ ပိုက်ဆံပိုတောင်းလို့ရတယ်။ တကယ်ကျ ဒီဘက်က မလေးရှားပို့ဖို့ကို ယာယီရပ်ဆိုင်းထားတယ်။ ဒါကို မသိဘဲ ပိုက်ဆံတွေပေးထားရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် သောကများနေရမယ်”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့သော် အေဂျင်စီတွေအနေဖြင့် အလုပ်သမားများကို ငွေပြန်အမ်းခြင်းမျိုးမရှိသလို အလုပ်သမားတွေအနေဖြင့်လည်း အေဂျင်စီဆီ ပိုက်ဆံနှင့်ငွေကြေးသိန်းနှင့်ချီအပ်ထားပြီး ပြန်တောင်းမရခြင်းကြောင့် အခက်ကြုံနေရကြောင်း သိရသည်။

“အခုက ပိုက်ဆံပြန်တောင်းတာ အေဂျင်စီကပြန်မပေးချင်ဘူး။ မပေးဘူးလို့မပြောဘူး။ ပေးမယ်လို့ပဲပြောတယ်။တိတိကျကျမသိရတာ” ဟု မလေးရှားသို့သွားမည့် အလုပ်သမားတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here