ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးလိုအပ်သည့် သုတေသနနှင့်နည်းပညာများ၊ စံချိန်စံညွှန်းဆိုင်ရာ အသိပညာများကို ဆက်လက်ကူညီပံ့ပိုးပေးသွားမည်

0
191

MSME လုပ်ငန်းများအား မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း ၂၀၂၀ ဖြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများပြန်လည်ဖြန့်ဝေပေးနေခြင်းနှင့် ပတ်သက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒု-ဝန်ကြီးဒေါက်တာ အောင်ဇေယျက ပြောကြားခဲ့ခြင်းဖြစ်သည်။

သြဂုတ် (၂၅) ရက် နံနက်ပိုင်းက MSME လုပ်ငန်းရှင်များအား စိုက်ပျိုးရေးထုတ်ကုန်များ စံချိန်စံညွှန်းနှင့်အညီထုတ်လုပ်နိုင်ရေး နည်းပညာများဖြန့်ဝေပေးခြင်း အခမ်းအနား၏ စံချိန်စံညွှန်းများအသုံးချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

စားသောက်ကုန်များအား သမားရိုးကျ ထုတ်ကုန်များသာမက ထုတ်ကုန်သစ်များကို နည်းပညာသစ်များဖြင့် အသုံးချ ထုတ်လုပ်နိုင်ရန် နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် MSME ကဏ္ဍ လုပ်ငန်းအစဉ်တိုးတက်မှုရှိစေရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်၊ MSME များမှ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးလိုအပ်သည့် သုတေသနနှင့် နည်းပညာများ၊ စံချိန်စံညွှန်းဆိုင်ရာ အသိပညာများကို ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဟုလည်း ၎င်းကဆိုသည်။

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်ကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ စားသောက်ကုန်များကို နိုင်ငံတကာအဆင့်မီ နည်းပညာများ အသုံးချပြီး အရည်အသွေးမြင့်မားကာ စံချိန်စံညွှန်းပြည့်မီစွာ စီးပွားဖြစ်ထုတ်လုပ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများအား ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ MSME လုပ်ငန်းရှင် (၁၀၀) ဦးထံ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသစ် (၆) မျိုးနှင့် စံချိန်စံညွှန်းဆိုင်ရာ အသိပညာများကို မျှဝေပေးသွားမည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here