အိန္ဒိယ၌ ရထားတွဲမီးလောင်မှုကြောင့်လူကိုးဦးသေဆုံး

0
276

နူးဒေလီ၊ဩဂုတ် ၂၇

အိန္ဒိယနိုင်ငံတောင်ပိုင်း၊တမီလ်နာဒူးပြည်နယ်၊မဒရိုင်မြို့၌ ဩဂုတ် ၂၆ ရက်က မီးရထားတွဲတစ်ခုမီးလောင်မှုဖြစ်ပွားပြီးနောက် လူကိုးဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မီးရထားတွဲအတွင်း လက်ဖက်ရည်ဖျော်ရန် ဂက်စ်ဗူးအသုံးပြုရာမှ ဂက်စ်ဗူးပေါက်ကွဲကာမီးလောင်ကျွမ်းမှုဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် လူကိုးဦးသေဆုံးရာ အမျိုးသမီးသုံးဦးပါဝင်ကြောင်းသိရသည်။အခြားကိုးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရသောဒဏ်ရာများဖြစ်သည်ဟု တာဝန်ရှိသူများကဆိုသည်။သေဆုံးသူများအား မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးဟုလည်းပြောကြားခဲ့သည်။

ဘူတာရုံတွင် ရပ်ထားသည့် အဆိုပါရထားတွဲထဲတွင် ခရီးသည် ၅၀ ကျော်ရှိကြောင်းသိရသည်။မနက်အစောပိုင်းတွင်လောင်ကျွမ်းခဲ့သောအဆိုပါမီးလောင်ကျွမ်းမှုသည် နာရီအနည်းငယ်ကြာသည်အထိလောင်ကျွမ်းပြီးမှ မီးသတ်သမားများမီးထိန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုမတော်တဆမှုသည် လူပေါင်း ၂၅၀ ကျော်သေဆုံးခဲ့ရပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း အိန္ဒိယ၏လူ‌အသေအပျောက်အများဆုံးရထားမတော်တဆမှုအဖြစ် စံချိန်တင်ခဲ့ရသည့် ရထားသုံးစီးဆင့်တိုက်မှုဖြစ်စဉ်အပြီးတွင်ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : ‌CNA


LEAVE A REPLY

Please enter your comment!
Please enter your name here