သာကေတတွင် အိမ်စီးကားနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိ

0
168

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဧရာဝဏ်လမ်းမကြီးပေါ်တွင် သြဂုတ် ၂၇ ရက်ည ၉ နာရီခွဲခန့်က အိမ်စီးကားနှင့်ဘေးတွဲဆိုင်ကယ်တိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ဧရာဝဏ်လမ်းမကြီးပေါ်က ၈ ထိပ်မှတ်တိုင်နားမှာဖြစ်သွားတာပါ ဘေးတွဲဆိုင်ကယ်ပေါ်လိုက်လာတဲ့ အမျိုးသားကြီးတစ်ယောက်ပဲ လက်နဲ့ခြေထောက်မှာဒဏ်ရာရပါတယ် မစိုးရိမ်ရပါဘူး” ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသားကြီးအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အောင်မင်္ဂလာလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here