ထိုင်းတပ်မ​တော်ထိပ်ပိုင်း အ​ပြောင်းအလဲ

0
467

တာဝန်ပြီးဆုံးသွားပြီဖြစ်​သော ထိုင်း ၀န်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် စနေနေ့က ၄င်းယုံကြည်စိတ်ချရ​သော လက်ထောက်များကို ကာကွယ်​ရေးပိုင်းအတွက်ရွေးချယ်တာဝန်​ပေးခဲ့ပါသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချောင်ချိုင်း (အထက်လက်ယာ) က ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) အသစ်ဖြစ်လာပြီဖြစ်သည်။

​တော်ဝင်ဘုရင့်ကိုယ်ရံ​တော်တပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ချောင်ချိုင်းသည် ပရာယွတ်လက်ထက်တွင်လည်း အတူအမှုထမ်းခဲ့ဖူးသည်။

ပရာယွတ်သည် နောက်ဆုံးမိနစ်တွင် ပင်စစ်တပ်ထိပ်တန်းအရာရှိများကို ခန့်အပ်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် တက်လာသော ဖြူထိုင်းပါတီနှင့် အ​ပေးအယူလုပ်နိုင်ကြောင်း ထင်ရှားသည်။

စစ်​သေနာပတိချုပ်အသစ်မှာ ဗိုလ်ချုပ်ကြီး Songwit Noonpakdee (ဘယ်ဘက်ထိပ်) ဖြစ်ပြီး ယခုအချိန်အထိ ဘုရင့်ကိုယ်ရံတော်တစ်ဦးလည်းဖြစ်သည်။

လေတပ်ဦးစီးချုပ် Air Commander Panpakdee Pattanakul (အောက်ခြေညာဖက်) နှင့် Admiral Adung Pan-iam တို့သည် ရေတပ်ဦးစီးချုပ်အသစ် ဖြစ်လာမည်ဖြစ်သည်။

ထိုင်းတပ်မ​တော်၏ဖွဲ့စည်းပုံအရ စစ်​သေနာပတိချုပ်က ထိပ်ဆုံးတွငိရှိ​သော်လည်း နိုင်ငံတကာ ဆက်ဆံ​ရေးကိုသာ အဓိကထားလုပ်ကိုင်ရသည်။ တပ်မ​တော်ကိစ္စရပ်များကို​တော့ ကာကွယ်​ရေးဦးစီးချုပ် (ကြည်း)ကပဲ ထိမ်းချုပ်လုပ်ကိုင်ရသဖြင့် ဖွဲ့စည်းပုံအရ တပ်တွင်ဒုတိယ​နေရာတွင်ဖြစ်​သော်လည်း အဆိုပါ ရာထူးတာဝန်က ပိုအခရာကျသည်။

ဘုရင်ကြီးသည် ယခုရက်အတွင်း ၄င်းတို့အား ရာထူးတိုး ခန့်အပ်မည်ဟု မျှော်လင့်ရသည်။

Ref: Khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here