လှိုင်သာယာမြို့နယ်တွင် လူမှုကူညီရေးအသင်းတစ်သင်း၏ သူနာတင်ယာဉ် မီးလောင်မှုဖြစ်ပွား

0
216

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် လူမှုကူညီရေးအသင်းတစ်သင်း၏ သူနာတင်ယာဉ် မီးလောင်မှု ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ယနေ့ နံနက် ၅ နာရီခန့်က အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်သည် ဖျာပုံမြို့သို့လူနာပို့စဥ် အောက်ဆီဂျင်ပြတ်သွားသည့်အတွက် အောက်ဆီဂျင်အိုးချိန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရသည်။

” အဖွဲ့၀င်ကလေးတစ်ယောက်တော့ မီးလောင်ဒဏ်ရာ ရရှိသွားတယ်၊ လူနာကတော့ဘာမှမဖြစ်ပါဘူး၊ ယာဉ်မောင်းက အချိန်မှီကယ်ထုတ်နိုင်ခဲ့ပါတယ်” ဟုအေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်းမှတာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကားတစ်စီးလုံး မီးလောင်ဆုံးရှုံးသွားပြီး မီးလောင်ဒဏ်ရာရရှိသည့် ပရဟိတလူငယ်မှာလည်းမစိုးရကြောင်း၊ ပရဟိတအဖွဲ့များအနေဖြင့် ယခုကဲ့သို့မဖြစ်ပွားစေရန် အောက်စီဂျင်အသုံးပြုရာတွင် သတိထားကိုင်တွယ်ကြရန် အေးချမ်းဖြူစင်မေတ္တာရှင်လူမှုကူညီရေးအသင်းမှ အသိပေးထားသည်။

Photo – Aung Thaw San


LEAVE A REPLY

Please enter your comment!
Please enter your name here