ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

0
303

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအနီးရှိ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် သြဂုတ် ၂၈ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအနီးရှိ ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်တွင် အမျိုးသားတစ်ဦးရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း၊ဖွံ့ဖြိုးဂရုဏာ(ဝက်ဝံ)အသင်းတို့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“သတင်းရတာနဲ့ချက်ခြင်းသွားပြီးကူညီရှာဖွေပေးခဲ့ပါတယ် ရှာဖွေချိန် ၂ နာရီလောက်မှာ နေ့လည် ၁ နာရီခွဲလောက်ပေါ့ အဲဒီအချိန်မှာပြန်တွေ့ရှိခဲ့ပါတယ် အသက်ရှင်ရက်မကယ်တင်နိုင်ခဲ့ပါဘူး Dead Body ကိုပဲတွေ့ခဲ့ရတာပါ အသက်က(၂၃) နှစ်လောက်ရှိပါပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ခုတင်(၇၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here