ဧရာဝတီမြစ် သောင်စပ်သို့ ဧရာဝတီ လင်းပိုင်တစ်ကောင် သေဆုံးရောက်ရှိလာ

0
242

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပျော်ဘွ ယ်ရွာ ဧရာဝတီမြစ် သောင်စပ်သို့ ဧရာဝတီ လင်းပိုင်တစ်ကောင် လှိုင်းပုတ်ကာ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ လင်းပိုင်မှာ သြဂုတ် (၂၆) ရက်က လှိုင်း ပုတ်ပြီး ရောက်ရှိလာသော်လည်း အသက်မပါရှိတော့ကြောင်းနှင့် မီးလောင်ကျွမ်းသည့် ဒဏ်ရာများကဲ့သို့ ရရှိသေဆုံးနေကြောင်း ဖော်ပြပါ ဓါတ်ပုံများအရ သိရသည်။

အဆိုပါ လင်းပိုင်များ၏ သဘာဝမှ လူများကဲ့သို့ အဆုပ်နှင့် အသက်ရှူသည့် ရေအောက် နို့တိုက်သတ္တဝါများဖြစ် ကြောင်းလည်း သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Wildlife Of Myanmar က ထုတ်ပြန် ပြော ဆိုထားသည်။

“အခုပုံအရတော့ ဘေးအန္တရာယ် တစ်ခုခုကြောင့် ရေနစ်သေပြီး ကုန်းပေါ်ရောက်လာတာဖြစ်ပါလိမ့်မယ်။ သဘာဝ ဘေးအန္တရာယ်မဟုတ်ဘဲ ငါးရှော့တိုက်တာတွေကြောင့်ပါ။ ဒီဧရာဝတီလင်းပိုင် အကောင်အရေတွက်က စိုးရိမ်ရတဲ့ အခြေနေရောက်နေပြီမို့ မိမိတို့ ပတ်ဝန်းကျင်မှာ ဒီလိုရေနေသတ္တဝါတွေကို ထိခိုက်တဲ့ ငါးရှော့တိုက် လုပ်ငန်းတွေနဲ့ အခြားသော ရေသယံဇာတကို ပျက်စီးစေတဲ့ လုပ်ငန်းတွေ တွေ့ရင် တားဆီးဖို့ ပါဝင်လုပ်ဆောင်သင့်ပါတယ်” ဟု ဧရာဝတီလင်းပိုင် စောင့်ကြည့်လေ့လာရေး အဖွဲ့များက သုံးသပ်သည်။

အဆိုပါ ချစ်စရာကောင်းသည့် အကောင်လေးများ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဧရာဝတီလင်းပိုင်အကောင်အရေတွက်မှာ စိုးရိမ်ရသည့် အခြေနေရောက်ရှိနေကြောင်းလည်း ဧရာဝတီလင်းပိုင် (Irrawaddy dolphin) စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်လေ့လာရေးအဖွဲ့များက ထုတ်ပြန် ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here