စက်တင်ဘာ (၁၂) ရက်မှစတင်ကာ မုတ်သုံလေဆုတ်ခွာနိုင်ကြောင်း မိုး/ဇလ ခန့်မှန်း

0
278

လာမည့် စက်တင်ဘာ (၁၂) ရက်မှ အောက်တိုဘာ (၁) ရက်အတွင်း ဒေသအသီးသီးမှ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဩဂုတ် (၂၈) ရက် မနက်ပိုင်းထုတ်ပြန်သည့် စက်တင်ဘာလပတ်အတွက် မိုးလေ၀သခန့်မှန်းချက်တွင်ပါရှိခြင်း ဖြစ်သည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ (၁၂) ရက်မှ (၁၈) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများ၊ စက်တင်ဘာ (၁၉) ရက်မှ (၂၅) ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် စက်တင်ဘာ (၂၆) ရက်မှ အောက်တိုဘာ (၁) ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ အသီးသီး ဆုတ်ခွာသွားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ပြီး စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ်ဖြစ်ပေါ်နိုင်ကာ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here