ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)မှ ဓာတ်ဆီဂါလန် ၅ သန်းရောင်းချမည်

0
303

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒ စက်ရုံစု (သံပုရာကန်)မှ ဓာတ်ဆီဂါလန်ပေါင်း (၅) သန်းကိုရောင်းချမည်ဖြစ်ပြီး အဆိုပါ ဓာတ်ဆီ ရောင်းချခြင်းအတွက် တင်ဒါခေါ်ယူထားကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ အသိပေးကြေညာထားသည်။

လာမည့် စက်တင်ဘာလ မှ ဒီဇင်ဘာလအထိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်သုံးဆီတင်သွင်း/ရောင်းချဖြန့်ဖြူးကုမ္ပဏီများ၊ ရေယာဉ်လုပ်ငန်းရှင်များ၊ လမ်းတံတားလုပ်ငန်း တည်ဆောက်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတွင်း လုပ်ငန်း၊ စက်သုံးဆီအသုံးပြု၍ လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များထံသို့ လွတ်လပ်စွာရောင်းချမည်ဖြစ်ပြီး မည်သူ မဆို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) သို့ တိုက်ရိုက်လျှောက်ထား ဝယ်ယူနိုင်ကြောင်း သိရသည်။

“ကြမ်းခင်းဈေးတော့ပြောပြလို့မရသေးပါဘူး။ ရုံးချိန်အတိုင်း သတ်မှတ်ထားတဲ့ ကာလအတွင်း လျှောက်ထားလို့ရပါတယ်။ ပြီးရင်အကြောင်း ပြန်ပေးပါမယ်”ဟု တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တင်ဒါခေါ်ယူ ရောင်းချရာတွင် တစ်ကြိမ်လျင် ဓာတ်ဆီဂါလံ (၁) သန်းနှုန်းဖြင့် (၅) ကြိမ်ရောင်းချပေးသွားမည်ဖြစ်ပြီး တင်ဒါတင်သွင်းလိုသူများအနေဖြင့် နေပြည်တော်ရှိ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ရုံးအမှတ်(၄၄)တွင် အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း သိရသည်။

စက်တင်ဘာ (၁၂)ရက်တွင် ဓာတ်ဆီဂါလံ (၁)သန်း၊ အောက်တိုဘာ (၃) ရက်တွင် ဓာတ်ဆီဂါလံ (၁)သန်း၊ အောက်တိုဘာ (၂၄) ရက်တွင် ဓာတ်ဆီဂါလံ (၁) သန်း၊ နိုဝင်ဘာ (၁၄) ရက်တွင် ဓာတ်ဆီဂါလံ (၁) သန်း၊ ဒီဇင် ဘာ (၅) ရ က်တွင် ဓာတ်ဆီဂါလံ (၁) သန်းနှုန်းဖြင့် စုစုပေါင်း ဓာတ်ဆီဂါလံ (၅) သန်းကို ရောင်းချပေးသွားမည်ဖြစ်သည်။

ဓါတ်ဆီများ ရောင်းချမည့် နေ့ရက်တိုင်း၌ တင်ဒါပိတ်ချိန်မှာ မွန်းတည့် (၁၂) နာရီအထိဖြစ်ပြီး တင်ဒါဖွင့်လှစ်ချိန်မှာ မွန်းလွဲ (၂) နာရီဖြစ်ကာ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း ၀၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here