ကြာအင်းဆိပ်ကြီးမြို့ရှိ အစိုးရရုံး ၃ ရုံးတွင် Drop Bomb ပေါက်ကွဲမှုများဖြစ်ပွား

0
198

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့ရှိ အစိုးရရုံး ၃ ရုံးတွင် သြဂုတ် ၂၇ ရက်ညပိုင်းက နာရီပိုင်းသာခြား၍ Drop Bomb ၄ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၅၀ မိနစ်ကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြု၍ ကြာအင်းဆိပ်ကြီးမြို့၊အမှတ်(၅)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ မြို့နယ်စည်ပင်ရုံး၊စိုက်ပျိုးရေးလမ်းရှိ မြို့နယ်စာရင်းစစ်ရုံးနှင့်မြို့နယ်စိုက်ဘဏ်ရုံးတို့အား Drop Bomb ဗုံးများဖြင့်ပစ်ချဖောက်ခွဲခဲ့ကြသည်။

ထို့ပြင် ည ၁၁ နာရီခွဲကျော်တွင်လည်း ယင်း အစိုးရရုံးများအား Drone ယာဥ်အသုံးပြု၍ Deop Bomb များဖြင့် ထပ်မံပစ်ချဖောက်ခွဲခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲမှုကြောင့် Drop Bomb ၄ လုံး ပေါက်ကွဲကာ မြို့နယ်စည်ပင်ရုံး၏ အမိုးသွပ်နှင့်မျက်နှာကြက်များ၊မြို့နယ်စိုက်ဘဏ်ရုံး၏ ရုံးပြတင်းပေါက်မှန်အချို့ပျက်စီးဆုံးရှုံးခဲ့ကာ မြို့နယ်စာရင်းစစ်ရုံးမှာ ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုမရှိခဲ့ဘဲ လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာများအားစစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here