သြဂုတ် ၃၀ ရက် မှစတင်၍ တရုတ်နိုင်ငံသို့လာရောက်မည့်သူများ ကိုဗစ်(၁၉)ရောဂါစစ်ဆေးမှုပြုလုပ်ရန်မလိုအပ်တော့

0
291

တရုတ်နိုင်ငံသို့လာရောက်မည့်သူများအနေဖြင့် သြဂုတ် ၃၀ ရက်(မနက်ဖြန်)မှစတင်၍ ပြည်ဝင်ခြင်းမပြုမီ ကိုဗစ်(၁၉)ရောဂါစစ်ဆေးမှုပြုလုပ်ရန် မလိုအပ်တော့ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်အသိပေးခဲ့သည်။

တရုတ်နိုင်ငံသို့ ပြည်ဝင်ခြင်းမပြုမီ ကိုဗစ်(၁၉) PCR (သို့) Antigen test စစ်ဆေးရန် မလိုအပ်တော့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်၍ “တရုတ်နိုင်ငံ ပြည်ဝင်/ပြည်ထွက် ကျန်းမာရေးကတ်” တွင်လည်း ဖြည့်သွင်းရန်မလိုအပ်တော့ကြောင်း တရုတ်သံရုံးမှ အသိပေးထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသို့ဝင်ရောက်မည့်သူများအား ယခင်က ကိုဗစ်(၁၉)ရောဂါ ကင်းရှင်းကြောင်းစစ်ဆေးပြီး ရောဂါပိုးကူးစက်ခံထားရခြင်းမရှိသူများကိုသာဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here