ဧည့်မထဆန် တစ်ပြည် ၂၅၀၀ ကျပ်ဖြင့် သထုံမြို့တွင် ရောင်းချပေးလျက်ရှိ

0
323

မွန်ပြည်နယ်၊သထုံမြို့တွင် သထုံမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ဆန်စပါးကုန် သည်များအသင်းတို့ပူးပေါင်း၍ ဧည့်မထဆန် တစ်ပြည်လျင် ၂၅၀၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာ၌ နေ့စဥ် ဧည့်မထဆန် ၂၄ ပြည်ဝင်အိတ် ၅၀ အား သထုံမြို့ရှိဆန်စက်များမှ အလှည့်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“တစ်ယောက်ကို ၃ ပြည်အထိရောင်းပေးတယ် ၂၄ ပြည်ဝင် ဆန်အိတ် ၅၀ ဖြစ်တဲ့အတွက် နေ့စဥ် လူတစ်ထောင်လောက်ကိုရောင်းပေးနေတာတွေ့ရတယ် အခုလိုအစစအရာရာစျေးတက်နေတဲ့အချိန်မှာ အခြေခံစားသောက်ကုန်ဆန်ကို ဒီစျေးနဲ့ရောင်းပေးတာ ကျွန်တော်တို့အတွက် အများကြီးအဆင်ပြေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သြဂုတ် ၂၉ ရက်(ယနေ့)တွင်လည်း သထုံမြို့၊နန်းခဲရပ်ကွက်ရှိ ဖောင်တော်ဦးဘုရားမုခ်ဝစောင်းတန်းတွင် နံနက်ပိုင်းမှစတင်၍ ဧည့်မထဆန်များအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

Photo-Win Zaw Oo


LEAVE A REPLY

Please enter your comment!
Please enter your name here