နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို လာမည့် စက်တင်ဘာလ (၁) ရက်မှစတင်ကာ ယာယီရပ်နားမည်ဟု ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်

0
749

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို လာမည့် စက်တင်ဘာလ (၁) ရက်မှစတင်ကာ ယာယီရပ်နားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုများအား အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာသံရုံးမှ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်စက်အား ရေရှည်တွင် ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားရန် စီစဉ်‌နေသည့်အတွက် ယခုကဲ့သို့ ယာယီရပ်နားရခြင်းဖြစ်ကြောင်း သိရသည်။

သက်တမ်းတိုးခြင်းအား ပြန်လည်လက်ခံမည့်ရက်ကို ထပ်မံ၍ အသိပေးအကြောင်းကြားသွားမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားပြီးသူတွေ၏ နိုင်ငံကူးလက်မှတ်စာအုပ် အသစ်တွေကို သတ်မှတ်ထားသည့်နေ့အတိုင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုရီးယား နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် နိုင်ငံကူး လက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်း၊ အသစ်လျှောက်ထားမှုအတွက် ဒဏ်ကြေးသတ်မှတ်ချက်ကို ယခင်က ၇၅ ဒေါ်လာသတ်မှတ်ထားရာမှ လက်ရှိတွင် ၁၀၅ ဒေါ်လာအထိ တိုးမြှင့်သတ်မှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here