ရန်ကုန် – ကွမ်ကျိုး – လော့စ်အိန်ဂျလိစ် (LA) ခရီးစဉ်ကို China Southern Airlines မှ တိုးချဲ့ပျံသန်းမည်

0
292

ရန်ကုန် – ကွမ်ကျိုးမှတဆင့် လော့စ်အိန်ဂျလိစ်(LA) ခရီးစဉ်ကို China Southern Airlines ဖြင့် စက်တင်ဘာ (၁) ရက်မှ စတင်ကာ တိုးချဲ့ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ သိရသည်။

အဆိုပါ ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့တို့တွင် ပျံသန်းမည်ဖြစ်ပြီး ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ခမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

လော့စ်အိန်ဂျလိစ်(LA)မှတဆင့် ကွမ်ကျိုး – ရန်ကုန်ခရီးစဉ်များကိုလည်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန် – ကွမ်ကျိုး – လော့စ်အိန်ဂျလိစ် (LA) လေကြောင်းခရီးစဉ်တွင် ရန်ကုန်မြို့မှ လော့စ်အိန်ဂျလိ(LA) မြို့သို့ လိုက်ပါမည့် ခရီးသည်များအနေဖြင့် ကွမ်ကျိုးမြို့တွင် Transit အဖြစ် (၅)နာရီကြာ ခေတ္တနားရမည်ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ပြည်ဝင်ခွင့် ဗီဇာယူရန် မလိုအပ်ကြောင်း သိရသည်။

Checked baggage နှင့် boarding pass ကိုလည်း လော့စ်အိန်ဂျလိစ်မြို့ထိ လေကြောင်းလိုင်းမှ စီစဉ်ပေးထားသည့်အတွက် ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း သက်တောင့်သက်သာ နားနေနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here