ဘုရင့်နောင်ရှိ “သုခရှင်” ဆန်ရောင်း၀ယ်ရေးရုံးခန်း ဓားပြတိုက်ခံရ ၊ ငွေကျပ်သိန်း ၂၀၀ ခန့်နှင့်ဖုန်းတစ်လုံးပါသွား

0
274

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ဘုရင့်နောင်(၁) ရပ်ကွက်၊ဘုရင့်နောင်လမ်းပေါ်ရှိ “သုခရှင်” ဆန်ရောင်းဝယ်ရေးရုံးတွင် သြဂုတ် ၂၈ ရက်နေ့လည်ပိုင်းက ဓားပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၂၀၀ ခန့်နှင့်ဖုန်းတစ်လုံး လုယက်ယူဆောင်သွားခံရမှုဖြစ်ပွားခဲ့ကြောင်း ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

အဆိုပါ ဓားပြတိုက်ခံရမှုမှာ ဘုရင့်နောင်လမ်းပေါ်ရှိ “သုခရှင်” ဆန်ရောင်းဝယ်ရေးဆိုင်၏ ရုံးခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Mask တပ်ပြီး ဦးထုပ်ဆောင်းထားသည့် လူ (၆) ဦးက ဓားများဖြင့် ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးနားရှိသူ တစ်ဦးက ပြောသည်။

“ရုံးခန်းကဓားပြတိုက်ခံရတာမဟုတ်ဘူး။ ဆန်ပွဲရုံတစ်ခုကတိုက်ခံရတာ။ အဲဒီရုံးခန်းမှာက အရောင်းအဝယ်လုပ်ကြတာ။ လူတစ်စုကတတ်လာပြီး ပိုက်ဆံတွေယူသွားတယ်လို့ပြောတယ်။ ဘယ်လောက်ပါသွားလဲဆိုတာ သေချာတော့မသိရဘူး”ဟု ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဓားပြအတိုက်ခံရတာက ဆန်ရောင်းဝယ်ရေးရုံးခန်းပါ။ ပိုက်ဆံ သိန်း ၂၀၀ နီးပါး ပါသွားတယ်လို့တော့ ပြောနေကြတယ်”ဟု ၎င်းက ပြောသည်။

ဓါးပြတိုက်သူ (၆)ဦးမှ (၁) ပေခန့် အရှည်ရှိ ဓါးရှည်များဖြင့် ရုံးခန်းအတွင်းဝင်ရောက်လာကာ ဝန်ထမ်းများကို ခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း (၂၀၀) နီးပါးအပြင် ဝန်ထမ်းတစ်ဦး၏ လက်ကိုင်ဖုန်းတစ်လုံးကိုလည်း လုယက်ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များလာရောက်၍ အခင်းဖြစ်နေရာအနီးရှိ CCTV မှတ်တမ်းများနှင့်ဖြစ်စဥ်တို့အား စစ်ဆေးမှုများပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

Photo – Lwin Oo (FB)


LEAVE A REPLY

Please enter your comment!
Please enter your name here