BOX ကားတစ်စီး ဘရိတ်ပေါက်ကာ သစ်ပင်နှင့်ခြံစည်းရိုးအား ဝင်တိုက်၊ယာဉ်မောင်း ဒဏ်ရာရ

0
205

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ဘုရင့်နောင်လမ်းမတွင် ယနေ့ သြဂုတ် (၃၀) ရက်မွန်းတည့်ပိုင်းက ကုမ္ပဏီတစ်ခုမှ Box ကားတစ်စီး ဘရိတ်ပေါက်ကာ သစ်ပင်နှင့် ခြံစည်းရိုးတို့ကို ဝင်တိုက်မိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မွန်းတည့် (၁၂) နာရီ (၁၅) မိနစ်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် “ရွှေ” ပဲဆီသန့်မှ Box ကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်နှင့် ခြံစည်းရိုးသံပန်းတို့အား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

“ကားမောင်းတဲ့လူက ခေါင်းခန်းထဲမှာ ညပ်နေလို့ မီးသတ်တပ်ဖွဲ့နဲ့ ပေါင်းပြီး ကူညီကယ်ထုတ်ပေးခဲ့ပါတယ်။ (၁၂) နာရီခွဲလောက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရထားပေမယ့် မစိုးရိမ်ရပါဘူး။ ယာဉ်မောင်းတစ်ယောက်ပဲ ဒဏ်ရာရတာပါ”ဟု ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောသည်။

အဆိပါ ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းဖြစ်သူအား လူမှုကူညီရေးအသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေရောင်သမိုင်း/အင်းစိန်မြို့နယ်ကြက်ခြေနီ


LEAVE A REPLY

Please enter your comment!
Please enter your name here