မလေးရှားရောက် မြန်မာလုပ်သားများ နိုင်ငံကူးလက်မှတ်ကိစ္စများလုပ်ဆောင်ရန် စက်တင်ဘာ (၄) ရက်မှ စတင်၍ အွန်လိုင်းဘိုကင်စနစ်ဖြင့် ရက်ချိန်းယူရမည်

0
429

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ပြုလုပ်ခြင်း တို့ကို စက်တင်ဘာ (၄) ရက်က စတင်ကာ အွန်လိုင်းဘိုကင်စနစ်ဖြင့် ရက်ချိန်းယူရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ သြဂုတ် (၂၉) ရက် ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် သံရုံးသို့ လူကိုယ်တိုင်လာရောက် ရက်ချိန်းယူခြင်းကို စက်တင်ဘာ (၁) ရက်အထိသာ လက်ခံပေးတော့မည်ဖြစ်ပြီး စက်တင်ဘာ (၄) ရက်မှ စတင်ကာ အွန်လိုင်းမှ QR Code စနစ်ဖြင့် ရက်ချိန်းယူရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အွန်လိုင်းမှ QR Code ရယူရန် မြန်မာနိုင်ငံဆိုင်ရာ သံရုံး www.mekl.org ကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာတို့ဖြင့် ဝင်ရောက်နိုင်ပြီး ကောင်စစ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပက်သက်သည့် လုပ်ဆောင်လိုသော ကိစ္စရပ်များကို သတ်မှတ်ပုံစံများ ဖြည့်စွက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

QR Code ရယူပြီးသူများအား သံရုံးသို့ လာရောက်ရမည့် နေ့ရက်ကို မှတ်ပုံတင်ထားသည့် မိုဘိုင်းဖုန်းသို့ SMS ပေးပို့ခြင်း၊ မြန်မာသံရုံး၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) နှင့် (Website) တို့တွင် အသိပေးခြင်းတို့အားအချိန်နှင့် တပြေးညီ ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here