သိမ်းယူထားသည့် လယ်ယာမြေများအား တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အချိန်မီ နစ်နာကြေး ပေးနိုင်ရန် လုပ်ဆောင်နေ

0
316

နိုင်ငံတော်မှ သိမ်းယူခဲ့သည့် လယ်ယာမြေများအား လုပ်ပိုင်ခွင့်ရှိသူများ မနစ်နာစေရေးအတွက် တည်ဆဲလယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နစ်နာကြေး/ လျော်ကြေးများ အချိန်မီ ပေးလျော်နိုင်ရန် စီမံလုပ်ဆောင်နေကြောင်း ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားလိုက်သည်။

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ၏ (၁၀)ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် (၂၉)ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပစဥ် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာဖြစ်စေ သိမ်းယူခဲ့သော လယ်ယာမြေများအား လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ နစ်နာမှုမရှိစေရေး တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ နစ်နာကြေး လျော်ကြေးများ အချိန်မှီ ပေးလျော်နိုင်ရန် စီမံဆောင်ရွက်လျက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

ဌာနဆိုင်ရာများအနေဖြင့်လည်း သက်ဆိုင်ရာလုပ်ငန်းအလိုက် အသုံးပြုသည့်မြေကို မြေအမည်ပေါက် ပိုင်ဆိုင်ရေးလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ထားရန် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ၏ (၁၀)ကြိမ်မြောက် အစည်းအဝေးကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့်ရရှိထားပြီး စိုက်ပျိုးလုပ်ကိုင်မှုတည်ငြိမ်နေသည့် မြေများအား လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသည့် လုပ်ငန်းရပ်များ၊ လယ်ယာမြေတွင် MSME လုပ်ငန်းနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် အခြားနည်းအသုံးပြုခွင့် တင်ပြသော ကိစ္စရပ်များနှင့် ပတ်သက်၍ လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်နှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲအဆင့်ဆင့်မှ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ တင်ပြလာသည့် စာတွဲများနှင့် ပတ်သက်၍လည်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here