ယခုဘဏ္ဍာနှစ်အတွင်း တီဘီဆေးဝယ်ယူရန် ဒေါ်လာ (၄) သန်းခွဲ ချပေးထားကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းပြော

0
210

ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရ အနေဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအတွက် တီဘီဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရန် အမေရိကန်ဒေါ်လာ (၄) သန်းခွဲ ချပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ပြောကြားချက်အရ သိရသည်။

ဩဂုတ် (၂၉) ရက်တွင် ပြုလုပ်သည့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ် ဆွေးနွေးပွဲတွင် ယခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် တီဘီ ဆေးဝယ်ယူရန် အမေရိကန်ဒေါ်လာ (၅) သန်းချပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် (၄) သန်းခွဲ ချပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

တီဘီရောဂါသည် မြန်မာနိုင်ငံတွင် ဦးစားပေးဖြေရှင်းရမည့် ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်းလည်း ဒေါက်တာ သက်ခိုင်ဝင်းက ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် နှစ်ချုပ် အစီအရင်ခံစာအရ တီဘီဆေးကုသမှု အောင်မြင်နှုန်း ၈၇ ရာခိုင်နှုန်း ၊တီဘီနှင့် HIV ဒွန်တွဲလူနာများ၏ တီဘီဆေးကုသမှု အောင်မြင်နှုန်း ၇၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ဆေးယဉ်ပါး တီဘီဆေး ကုသမှု အောင်မြင်နှုန်း ၇၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here