ကျန်းမာရေးဝန်ကြီးဌာနနှင့် IOM တို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေး

0
123

ကျန်းမာရေးဝန်ကြီးဌာနနှင့် IOM တို့အကြားတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်းနှင့် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)မှ အကြီးအကဲ Mr. Dragan Ale ksoski တို့ သြဂုတ် ၂၉ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် IOM မှ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ အာဟာရဖွံ့ ဖြိုးရေးလုပ်ငန်းများ၊ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် ခုခံကျကာလသား ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းလုပ်သား မိသားစုဝင်များ၏ ကလေးများအား အမီလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကျန်းမာရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here