မိုခါကဲ့သို့ ဟာရီကိန်း အိုင်ဒါလီယာ

0
255

ဟာရီကိန်း အိုင်ဒါလီယာသည် ဖလော်ရီဒါပြည်နယ် အနောက် မြောက်ဘက် ကမ်းရိုးတန်းတွင် “အလွန်အန္တရာယ်များသော” အမျိုးအစား၃ မုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်​နေပြီဖြစ်သည်။

အမေရိကန် အမျိုးသား ဟာရီကိန်း စင်တာက ဟာရီကိန်း အိုင်ဒါလီယာသည် ပြည်နယ်သို့ “ မုန်တိုင်း လှိုင်းလုံးကြီးများ နှင့်အတူ ကပ်ဘေးအပျက်အစီးများ” သယ်ဆောင်လာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းဒဒေသခံများအားလည်းထွက်ခွာဖို့ အမိန့်ထုတ်ထားသည်။

အုပ်ချုပ်ရေးမှူး Ron DeSantis က လည်းအရေးပေါ်အဖွဲ့များသည် မုန်တိုင်းဒဏ်သင့်ဒေသများသို့ ဖြန့်ကျက်ချထားရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ် မြောက်ပိုင်းတွင် အိမ်​ခြေ ၂၆၀,၀၀၀ ကျော်မှာ မုန်တိုင်း​ကြောင့် လျှပ်စစ်မီးပြတ်တောက်လျက်ရှိ​နေသည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here