ငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်း နှင့် ခဲယမ်းများ သာစည် နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိ

0
261

မန္တ‌လေးတိုင်း သာစည်မြို့နယ် နှင့် ရန််ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တို့မှ ငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်း နှင့် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွားကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ကျော်ဇင်ထွန်း မောင်းနှင်ပြီး ထွန်းဝေ(ခ)ဖိုးဇကာ လိုက်ပါလာသည့် NISSAN ၁၈ ဘီးတွဲယာဉ်ကို သတင်းအရစစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့စစ်ဆေးရှာဖွေရာ ကျောက်မီးသွေးမှုန့်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ သန်းနှင့် 7.62 ကျည် ၂၀၀၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၄ ရက်ညနေ ၃ နာရီ အချိန်တွင် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုထွန်း(ခ) ထွန်းမင်းလတ် နှင့် ကျော်လှိုင်(ခ)ကိုကိုလှိုင် တို့အား ဒက္ခိဏသီရိမြို့နယ်၊ (၂၀၁)မိုင်စစ်ဆေးရေးဂိတ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်း မြို့နယ်၊ အင်ကြင်းမြိုင်လမ်းရှိ နေအိမ်တွင် ဝင်းထွန်းဦး အား စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် 7.62 ကျည် ၂၀၀၀၀ တောင့်တို့ကိုသိမ်းဆည်းရမိခဲ့သည့်အတွက်် ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here