ကနေဒါနိုင်ငံတွင် ပျားများသယ်ဆောင်လာသော ထရပ်ကားတစ်စီးထံမှ ပျား ၅သန်း လွတ်ကုန်

0
219

ကနေဒါနိုင်ငံ တိုရွန်တိုမြို့အနီးရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ပျားများတင်ဆောင်လာသော ကုန်တင်ကားတစ်စီး မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးနောက် ယင်းကားပေါ်မှာ ပျားကောင်ရေ ၅သန်းခန့် လေထဲသို့ ပျံသန်းလွတ်မြောက်သွားကြသဖြင့် အဆိုပါ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ကားများအနေဖြင့် ပြူတင်းပေါက်များကို ပိတ်ထားကြရန် ဒေသခံရဲတပ်ဖွဲ့က ယာဉ်မောင်းများကို သတိပေးထားသည်။

ပျားသေတ္တာများ ထရပ်ကားပေါ်မှ ပြုတ်ကျကုန်သဖြင့် ပျားများလွတ်မြောက်ကုန်ကြခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဆီသို့ သတင်းရောက်ရှိခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်သွားလဲဆိုတာကို အတိအကျမသိရသေးပေမယ့် ပျားတွေ ဒါမှမဟုတ် ပျားအုံတွေပါတဲ့ သေတ္တာတွေ နောက်တွဲယာဉ်ပေါ်ကနေ လမ်းတစ်လျှောက် ပြုတ်ကျသွားခဲ့တာကတော့ သေချာပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာတွင် သတိပေးချက်ထုတ်ပြီး တစ်နာရီခန့်အကြာတွင် အခြားပျားမွေးမြူရေးသမားများက အကူအညီပေးရန် ကမ်းလှမ်းလာခဲ့သည်။ ထို့နောက် ပျားမွေးမြူသူ ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်သည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ကြောင်း တာဝန်ကျရဲမှူးက ပြောကြားခဲ့သည်။

လွတ်မြောက်ကုန်သော ပျားများသည် ၎င်းတို့၏ သီးနှံများ ဝတ်မှုန်ကူးရာတွင် အကူအညီ ရနိုင်ကြောင်း ဒေသခံ လယ်သမားများက ယူဆကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here