မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား

0
385

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ကံ့ကော်လမ်းသွယ်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ် (၃၀)ရက် ည (၁၂) နာရီ (၂၂) မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့တို့မှ သိရသည်။

“နေအိမ်တစ်လုံးမီးလောင်နေတဲ့ သတင်းကြားတာနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ဝိုင်းငြှိမ်းပေးခဲ့ပါတယ်။ မီးလောင်ချိန်သိပ်မရှိပေမယ့် ပျက်စီးဆုံးရှုံးတာတွေတော့ရှိတယ် ။ဖြစ်စဥ်နဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မီးသတ်တပ်ဖွဲ့က စစ်ဆေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ည (၁၂) နာရီ (၃၂) မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ည (၁၂) နာရီ (၃၅) မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here