မြန်မာ့ပြောင်းကိုထိုင်းအခွန်ကင်းလွတ်ကာလရပ်နားချိန် တရုတ်သို့ တင်ပို့မည်

0
315

မြန်မာနိုင်ငံမှ ထွက်သည့် ပြောင်းဆံများကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် တရုတ် – မြန်မာ နယ်စပ်ဒေသတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပြောင်းများကိုသာ တင်ပို့မှုနေခြင်းဖြစ်ပြီး အခြားဒေသမှထွက်ရှိသည့် ပြောင်းများကို တင်ပို့မှုမရှိသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း ပြောင်းကုန်သည်အချို့ထံမှ စုံစမ်းသိရသည်။

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆံများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်အထိ တင်ပို့နေပြီး ယင်းကာလ ကုန်ဆုံးချိန်တွင် တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တင်ပို့ရန် တရုတ်ကုန်သည်များနှင့် မြန်မာကုန်သည်များအကြား ဈေးနှုန်းညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံတွင် ကျင်းပမည့် ကုန်စည်ပြပွဲများမှတဆင့်လည်း မြန်မာ့ပြောင်းတင်ပို့ခွင့် ရရှိရေးအတွက် အခွင့်အလမ်းများရရှိနိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here