မွန်တိုးတက်ရေး ပါတီမှ နိုင်ငံရေးပါတီတည်ထောင်ခွင့် လာရောက် လျှောက်ထား

0
512

ကော်မရှင်ထံမှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၀​ကျော်၏တဝက်နီးပါးသာ မှတ်ပုံတင်ခွင့်ပြုချက်ကျလာ​သေး

မွန်တိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းတွင် ရပ်တည်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၃)အရပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)ထံ သြဂုတ် (၃၀) ရက်က ပါတီတည်ထောင်ခွင့် လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည် ။

လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၃) အရ လျှောက်ထားသည့် ပါတီ (၁၄) ပါတီရှိပြီး၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ (၅၀) ပါတီ စုစုပေါင်း (၆၄) ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

မွန်တိုးတက်ရေးပါတီမှ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းအား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင် လာရောက်လျှောက်ထားသည့် နိုင်ငံရေးပါတီ (၆၄) ပါတီ ရှိသည့်အနက် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၃၆) ပါ တီသာရှိသေးကြောင်း UEC ၏ အချက်အလက်များအရ သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ထံ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီများကို စိစစ်ကာ ခွင့်ပြုပေးလျက်ရှိသော်လည်း ထက်ဝက်နီးပါးမှာ မှတ်ပုံတင်ခွင့်ပြုချက်ကျလာခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင် ခွင့်ပြုချက်မကျသေးသည့် ပါတီများထဲတွင် ပြည်ထောင်စုအဆင့် ပါတီများ ပါဝင်နေသေးသလို ပြည်နယ်နှင့် တိုင်းအဆင့် ပါတီများလည်း ပါဝင်နေသေးကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်နေကြောင်း UEC စာရင်းအချက်အလက်များကို တွက်ချက်ကြည့်ပါက သိနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here