မရမ်းကုန်းမြို့နယ်ရှိ “သုခရှင်”ဆန်ရောင်းဝယ်ရေးရုံးတွင် ဓားပြခြိမ်းခြောက်၍ ဓားမြတိုက်ခဲ့သူ ၉ ဦးကိုဖမ်းဆီးရမိထား

0
527

ရန်ကုန်တိုင်း၊မရန်းကုန်းမြို့နယ်၊ဘုရင့်နောင်(၁) ရပ်ကွက်၊ဘုရင့်နောင်လမ်းပေါ်ရှိ “သုခရှင်”ဆန်ရောင်းဝယ်ရေးရုံးတွင် ဓားပြခြိမ်းခြောက်၍ ဓားမြတိုက်ခဲ့သူ ၉ ဦးအား သြဂုတ် ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သုခရှင်”ဆန်ရောင်းဝယ်ရေးရုံးတွင် သြဂုတ် ၂၈ ရက်နေ့လည်ပိုင်းက အမျိုးသား ၆ ဦးမှ ဝန်ထမ်းများအား ဓားပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၂၀၀ ခန့်နှင့်ဝန်ထမ်းတစ်ဦး၏ ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ ၉ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လုယက်ယူဆောင်သွားခဲ့သည့် ငွေကြေးများအနက် ငွေကျပ် ၁၈၈ သိန်းနှင့်ဖုန်းတို့ကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား အမှုဖွင့်ကာ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့်ကျန်ရှိသည့် ငွေ ကြေးများအားသိမ်းဆည်းရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here