ချင်းတွင်းမြစ်ရေ ဟုမ္မလင်းမြို့နှင့်ဖောင်းပြင်မြို့တို့၏ စိုးရိမ်ရေမှတ်များအထက်ကျော်လွန်ရောက်ရှိနေ

0
190

ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအထူးသတိပြုကြပါ

မိုးဇလ၏ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခန့် ကျော်လွန်ရောက်ရှိနေကာ လာမည့် ၄၈ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့်ဖောင်းပြင်မြို့တို့၏ စိုးရိမ်ရေမှတ်များအ ထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း မြန်မာ နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၃၁ ရက်(ယနေ့)နေ့လည် ၁ နာရီကထုတ်ပြန်ခဲ့သည်။

ဖောင်းပြင်မြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့၏ စိုးရိမ်ရေမှတ်အထက် (၁)ပေခန့် ကျော်လွန်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း(၃)လက်မခန့်ထပ်မံမြင့်တက်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်တည်ရှိနိုင်သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများအနေ ဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက သတိပေးနိုး​ဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here