အောင်ဘာလေ သိန်းဆုထီနှင့် အွန်လိုင်းထီတို့အား (၅၅) ကြိမ်မြောက်မှစတင်ကာ သီးခြားစီဖွင့်လှစ်မည်

0
444

အောက်တိုဘာလ (၁) ရက်တွင် ဖွင့်လှစ်မည့် (၅၅) ကြိမ်မြောက် ထီဖွင့်ပွဲမှစတင်ကာ အောင်ဘာလေသိန်းဆုထီနှင့် အွန်လိုင်းထီတို့အား သီးခြားစီဖွင့်လှစ်ကာ ဆုချီးမြင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အောက်တိုဘာ (၁) ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေထီနှင့် အွန်လိုင်းထီအတွက် ရောင်းချရငွေအသီးသီး၏ (၇၀) ရာခိုင်နှုန်းကို ဆုငွေအဖြစ် ပြန်လည်ချီးမြှင့်မည်ဖြစ်ကြောင်းလည်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။

၅၅ ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေသိန်းဆုထီ အတွက် ” “က” အက္ခရာမှ “ည” အက္ခရာအထိ (ဂဏန်း (၁) ထိပ်စီးမှစ၍ ဂဏန်း (၉) ထိပ်စီးအထိ အပါအဝင်) ၇၅ ရာခိုင်နှုန်းဖြစ်သော ထီလက်မှတ်စောင်ရေ ၆,၇၅၀,၀၄၀ စောင်အား စက်တင်ဘာ (၁) ရက်မှ စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး အောင်ဘာလေသိန်းဆုထီလက်မှတ်များ ရောင်းချရငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျပ် (၁၀၀၀) တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီအတွက် “က” အက္ခရာမှ “ည” အက္ခရာအထိ (ဂဏန်း (၁) ထိပ်စီးမှစ၍ ဂဏန်း (၉) ထိပ်စီးအထိ အပါအဝင်) ကျန် (၂၅) ရာခိုင်နှုန်းဖြစ်သော ထီလက်မှတ်စောင်ရေ ၂,၂၄၉,၉၄ဝ စောင်ကိုလည်း စက်တင်ဘာ (၁) ရက်နေ့မှ စ တင်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချရငွေစုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်ပေးမည် ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

၅၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို အောက်တိုဘာ (၁) ရက် နံနက် (၈) နာရီအချိန်တွင်လည်းကောင်း၊ ၅၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို အောက် တိုဘာ (၁) ရက် နံနက် (၁၀) နာရီအချိန်တွင်လည်းကောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ သီးခြားစီဖွင့်လှစ်၍ ထီဆုမဲများကိုလည်းသီးခြားစီခွဲ၍ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here