ဂျပန်မှ မြန်မာလုပ်သား (၁၂၀၀) နီးပါး ထပ်မံခေါ်ယူမည်

0
246

ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား (၁၂၀၀) နီးပါး ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဩဂုတ်လ (၃၁) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်ခေါ်စာများကို ဩဂုတ်လ (၁၆) ရက်မှ ဩဂုတ်လ (၃၁) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၇၀) ခုဖြစ်ကြောင်း သိရသည်။

အလုပ်ကမ်းလှမ်းထားသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိနှင့် စာရွက်စာတမ်း အထောက် အထားများကို စိစစ်ပြီး တွေ့ရှိချက် သဘောထား မှတ်ချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်
လည်ပေးပို့ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကိုဗစ်ကာလအလွန်တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများကို တိုးမြှင့်ခေါ်ယူလျက်ရှိပြီး မြန်မာလူငယ်အများစုအနေ ဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် မလေးရှားတို့တွင် သွားရောက်လုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here