ရန်ကုန်ဆိပ်ကမ်းသို့ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်အစီးရေ (၁၀၀) ထပ်မံရောက်ရှိ

0
121

တရုတ်နိုင်ငံထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် အစီးရေ (၁၀၀) ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာပြီး သတ်မှတ်လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်၍ ထုတ်ယူခွင့်ပြုခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်သို့ လျှပ်စစ်ဆိုင်ကယ် အစီးရေ (၆၆) စီးရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဆိုင်ကယ်များနှင့်အတူ လျှပ်စစ်သုံးဘီးဆိုင်ကယ် အစီးရေ (၂၆) စီးကိုလည်း သတ်မှတ်လုပ်ထုံး လုပ်နည်းတွေအတိုင်း စိစစ်ပြီးထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်

လက်ရှိတွင် ပြည်တွင်း၌ သုံးဘီး EV ယာဉ် အစီးရေ (၂၅၄) စီးနှင့် နှစ်ဘီး EV ယာဉ် အစီးရေ (၂၂၀၀) စီကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here