ယူကရိန်းလေယာဉ်မှူးများသည် ဒိန်းမတ်တွင် ၄လမှ၆လအထိ လေ့ကျင့်ပြီး၊ ဗြိတိန်တွင် ၁နှစ် မှ ၂နှစ်အထိ လေ့ကျင့်မည်

0
241

ယူကရိန်းစစ်တပ်မှ လေယာဉ်မှူးများသည် F-16 ဂျက်တိုက်လေယာဉ်များ ပျံသန်းရန်အတွက် ဒိန်းမတ်တွင် ၄ လမှ ၆ လကြာ လေ့ကျင့်ရမည်ဖြစ်ပြီး ဗြိတိန်တွင် လေ့ကျင့်မှုမှာမူ ၁ နှစ်မှ ၂ နှစ် ကြာမြင့်မည်ဖြစ်ကြောင်း ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ Yuri Ignat က ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ၏အဆိုအရ၊ အတွေ့အကြုံရှိလေယာဉ်မှူးများကို ဒိန်းမတ်သို့စေလွှတ်ခဲ့ပြီး လေယာဉ်မှူးသင်တန်းကျောင်းမှဘွဲ့ရများကို ဗြိတိန်သို့စေလွှတ်ထားသောကြောင့် လေ့ကျင့်မှု အချိန်ကာလကွာခြားနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒိန်းမတ်ကို စေလွှတ်လိုက်တဲ့ လေယာဉ်မှူးတွေက အဆင်သင့်ဖြစ်နေပါပြီ၊ ပျံသန်းချိန်လည်း ရှိတယ်၊ သူတို့မှာ တိုက်ခိုက်ရေး အတွေ့အကြုံရှိပေမယ့် သူတို့ကိုင်တွယ်ပျံသန်းဖူးတာကတော့ ဆိုဗီယက်လုပ် လေယာဉ်တွေပဲ ဖြစ်တယ်။ ဒါကြောင့် အမျိုးမျိုးသော လေယာဉ်တွေ၊ F-16 တိုက်လေယာဉ်တွေအတွက် လေ့ကျင့်ပေးဖို့ လိုတယ်၊ အဲဒါက အချိန်နည်းနည်းကြာလိမ့်မယ်” ယူကရိန်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“လူတိုင်းက အချိန်ကာလအပိုင်းအခြားကို စိတ်ဝင်စားကြပေမယ့် လေယာဉ်မှူးတစ်ဦးစီမှာ တစ်ဦးချင်းလေ့ကျင့်မှုတွေရှိတာကြောင့် ကွဲပြားပါတယ်။
ဗြိတိန်ကတော့ ကျွန်တော်တို့ရဲ့ လေယာဉ်မှူးသင်တန်းကျောင်းဘွဲ့ရလူငယ်တွေကို လေ့ကျင့်ပေးနေပါပြီ၊ ၂၀၂၃ မှာ ဘွဲ့ရပြီး အခြေခံ လေ့ကျင့်မှုတွေ ရရှိမှာပါ” ဟု သူက ပြောကြားပြီး ဗြိတိသျှ လေ့ကျင့်ရေး အစီအစဉ်တွင် အင်ဂျင်တစ်လုံးတပ် လေယာဉ်ကို ပထမဆုံး ပျံသန်းပြီးမှသာ ဂျက်လေယာဉ်ကို ပျံသန်းလေ့ကျင့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိသျှလေ့ကျင့်ရေးအစီအစဉ်တွင် အင်္ဂလိပ်ဘာသာစကားကို နက်နက်ရှိုင်းရှိုင်း သင်ယူခြင်းနှင့် အင်္ဂလိပ်လေကြောင်းဆိုင်ရာ အသုံးအနှုန်းများသင်ကြားလေ့လာခြင်းလည်း ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here