(၅) လအတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ် လာ သန်း (၂၁၄) သန်းကျော်ရရှိထား

0
171

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လ အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၂၁၄.၄၂ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အချက် အလက်များအရ သိရသည်။

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် အလားတူကာလတွင် ရေထွက်ကုန် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၉.၈၂၁ သန်း ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကာလအတွင်း ပြည်ပကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းလမ်းဖြင့် တင်ပို့ခဲ့ပြီး တစ်ချိန်တည်းမှာပင် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး၊ သက်ဆိုင်ရာနိုင်ငံများက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောဂါပိုးမွှားများ ကင်းရှင်းစေရန် ပြည်တွင်း၌ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့မှု လုပ်ငန်းစဉ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန် နှင့် ဥရောပနိုင်ငံများ အပါအဝင် ရေခြားမြေခြား နိုင်ငံတချို့ကို တင်ပို့နေပြီး၊ တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန် သွယ်ရေးစခန်းများက တစ်ဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့ လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here