တိုင်းရင်းသား လက်နက်ကိုင် (၅) ဖွဲ့၏ တစ်ဖွဲ့ချင်းစီ တင်ပြချက်များအပါအဝင် ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးများဆွေးနွေးကာ အတည်ပြုလက်မှတ်များရေးထိုး

0
164

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့၏ တစ်ဖွဲ့ချင်းစီ တင်ပြချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာတို့ကို နိုင်ငံ တော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ (NSPNC) တို့ဆွေးနွေး၍ အတည်ပြုလက်မှတ်များရေးထိုးခဲ့ကြကြောင်း သိရသည်။

NSPNC နှင့် အပစ်ရပ်လက်နက် ကိုင်(၅) ဖွဲ့ဖြစ်သည့် ALP , DKBA , KNU/KNLA-PC , LDU , PNLO တို့မှ ကိုယ်စား လှယ်အဖွဲ့ဝင်များ သြဂုတ် (၃၁) ရက် နံနက်ပိုင်းက နေပြည်တော်၌ တစ်ဖွဲ့ချင်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တစ်ဖွဲ့ချင်းတွေ့ဆုံမှု အပြီး မွန်းလွဲပိုင်းတွင် NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင် (၅) ဖွဲ့တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယနေ့ အဖြစ်တွေ့ဆုံ၍ သုံးရက်တာဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘော တူညီချက်များကို အတည်ပြုလက်မှတ်များရေး ထိုးခဲ့ကြသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု- ဗိုလ်ချုပ်ကြီးရာပြည့်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းတို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here