ပုလောမြို့နယ်တွင် အဝေးပြေးခရီးသည်တင်ကား ဝါယာရှော့ဖြစ်၍မီးလောင်ခဲ့

0
297

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊မြိတ်-ထားဝယ်သွားကားလမ်း၏ ဇရပ်ဆိပ်ကျေးရွာအနီးတွင် အဝေးပြေးခရီးသည်တင်(Express)ကား ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့မှု စက်တင်ဘာ ၁ ရက်(ယနေ့)နံနက် ၁၁ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဝါယာရှော့ဖြစ်ပြီး မီးလောင်တာပါ တစ်စီးလုံးပျက်စီးသွားတယ် လူထိခိုက်တာမရှိပါဘူး ကားပေါ်မှာက ခရီးသည် ၃ ယောက်ရယ် ကားမောင်းတဲ့လူ ၂ ယောက်ရယ် စပယ်ယာ ၁ ယောက်ရယ်ပဲပါတယ် နောက်ကုန်ပစ္စည်းတွေပါတယ် ကုန်ပ စ္စည်းတွေလည်း အကုန်လုံးပျက်စီးဆုံးရှုံးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ပုလောမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ပုလောမြို့နယ်အ ခြေစိုက် လူမှုကူညီရေးအသင်းဝင်များက ဝိုင်း ဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here