မွန်ပြည်နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း မြို့နယ် (၂၀)ရှိ စာရင်းကောက်ကွက် (၁၀၀)မှာ ကောက်ယူမည်

0
130

မွန်ပြည်နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း မြို့နယ် (၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀)မှာ ကောက်ယူရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

“စမ်းသပ်သန်းခေါင်စာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ မြို့နယ် (၂၀)အတွင်းရှိ စာရင်းကောက်ကွက် (၁၀၀)မှာ ဆောင်ရွက်သွားရန်ကိုလည်း ခွင့်ပြုထားပြီး မော်လမြိုင်မြို့နယ်မှာ စာရင်းကောက်ကွက် (၃)ကွက်မှာ ကောက်ယူသွားမည်။”ဟု မွန်ပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီ ဥက္ကဌ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောသည်။

မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက်က မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာတွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စီမံဆောင်ရွက်ထား ရှိမှု အခြေအနေများ၊ လက်ရှိ လုပ်ဆောင်နေသည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်းနှင့် ယခင်သန်းခေါင်စာရင်းများအတိုင်း အရည်အသွေး ကောင်းမွန်ပြည့်စုံအောင် ဝိုင်းဝန်းလုပ်ဆောင်ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့သည်။

မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here