ဒဂုံအရှေ့တွင် ရပ်ထားသည့် YBS ကားကို တက္ကစီဝင်တိုက်ရာ တက္ကစီမောင်းသူထိခိုက်ဒဏ်ရာရ

0
364

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အမှတ်(၂)လမ်းမကြီးပေါ်ရှိ ဗန္ဓုလအိမ်ယာရှေ့ ဦးထွန်းမြတ်မှတ်တိုင်တွင် စက်တင်ဘာ ၁ ရက်ညပိုင်းက ရပ်ထားသည့် YBS ကားနောက်ပိုင်းအား တက္ကစီ မှဝင်တိုက်မိခဲ့ကြောင်း သံသရာခရီးသည်နာရေးကူညီမှုအသင်းမှ သိရသည်။

ယမန်နေ့ည ၁၂ နာရီခန့်က သားဖြစ်သူ၏နေအိမ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၀ ရပ်ကွက်သို့ပြန်လာသည့် ဦးသိန်းဦး(၅၇)နှစ်မောင်းနှင်သည့် တက္ကစီသည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊အ မှတ်(၂)လမ်းမကြီးပေါ်ရှိ ဗန္ဓုလအိမ်ယာရှေ့ ဦးထွန်းမြတ်မှတ်တိုင်အရောက် ရပ်ထားသည့် YBS ကား၏နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

“YBS ရဲ့နောက်ဘယ်ဘက်စောင်းကို တက္ကစီ မောင်းတဲ့လူရဲ့ဘက်ခြမ်းနဲ့ဝင်တိုက်မိတာ တက္ကစီ မောင်းတဲ့လူက ဦးခေါင်းကွဲရှဒဏ်ရာရတယ် နံရိုးနဲ့လက်ဖျံရိုးကျိုးတယ် စိုးရိမ်စရာမရှိပေမယ့် အတွင်းလူနာတော့ဖြစ်သွားတယ် မိသားစုဝင်တွေနဲ့လည်းအဆက်အသွယ်ရပါတယ် လူနာကစကားလည်းပြောနိုင်ပါတယ် ယာဥ်ထိန်းတပ်ဖွဲ့ကလာပြီးစစ်ဆေးသွားပါတယ်”ဟု သံသရာခရီးသည်နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တက္ကစီ မောင်းသူအား သံသရာခရီးသည်နာရေးကူညီမှုအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သံသရာခရီးသည်


LEAVE A REPLY

Please enter your comment!
Please enter your name here