လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး လမ်းပိုင်းနေရာ (၅၀) ၌ Road Safety Audit လုပ်ဆောင်ခဲ့ပြီးဖြစ်

0
215

လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ခဲ့ရာ လမ်းပိုင်း နေရာ (၅၀) ၌ Road Safety Audit လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ (၉)လတာ ကာလအတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၆)ခု၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁၃) ကြိမ် ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ (၅၀) ၌ Road Safety Audit လုပ်ငန်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြေပြင်တွင် အများစု လွဲမှားလေ့ရှိသည့် အချက် ၁၉ ချက်ကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ရမည့် အနိမ့်ဆုံး အခြေခံ သတ်မှတ်ချက်များအဖြစ် သတ်မှတ် ဖော်ထုတ် ဖြန့်ဝေထားပြီးဖြစ်ကြောင်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြောသည်။

ထိုသို့ ဖြန့်ဝေထားပြီးဖြစ်သောကြောင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ကြရန် ဒုတိယ ဝန်ကြီးက တိုက်တွန်းပြောဆိုသည်။

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ (၁) ရက် နေ့လည် (၁)နာရီခွဲက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ဒုတိယဝန်ကြီးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၎င်းနှင့် စပ်လျဉ်း၍ ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်များကြောင့် ပြည်သူအများစု၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို အဓိက အထောက်အကူပြုလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း ဗဟိုကြီးကြပ်ရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here