ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် Canter ကားလမ်းချော်တိမ်းမှောက်၊ အမျိုးသားတစ်ဦးသေဆုံး

0
193

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊နယ်မြေ(၃)ရှိ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် စက်တင်ဘာ ၂ ရက်(ယနေ့)နေ့လည်ပိုင်းက Canter ကားလမ်းချော်၍တိမ်းမှောက်ခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည်ပိုင်းက ပြင်ဦးလွင်မြို့၊နယ်မြေ(၃)ရှိ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၏ မိုင်တိုင်အ မှတ် ၂၂ တွင်ကုန်ပစ္စည်းများတင်လာသည့် Canter ကားလမ်းချော်ကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

” ၁၄ ပေ Canter ကားပါ ကုန်ပစ္စည်းတွေလည်းတင်လာတယ် အမျိုးသားတစ်ယောက်က အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတယ် အမျိုးသမီးတစ်ယောက်ကတော့ ရရှိထားတဲ့ဒဏ်ရာပြင်းတယ် နှစ်ယောက်လုံးရဲ့ မိသားစုဝင်တွေ အသိမိတ်ဆွေတွေနဲ့အဆက်အသွယ်မရသေးပါဘူး နောက်ပြီး နေရပ်လိပ်စာတွေ နာမည်တွေလည်းမသိရသေး ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာများ စိုးရိမ်ရ ရရှိထားသည့် အမျိုးသမီးအား သီရိဝဎုန(ညောင်ပေါ)လူမှုကူညီရေးအသင်း၊သေဆုံးသူ အမျိုးသား၏ရုပ်အလောင်းအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းတို့မှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here