မြို့ ၃ မြို့တွင် တစ်ရက်အတွင်း ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
290

ရှမ်းပြည်နယ်၊ ကျောက်တလုံးကြီးမြို့နှင့် တာချီလိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်ကငွေကျပ် သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့နယ်တွင် စက်တင်ဘာ ၁ ရက် နံနက် ၅ နာရီအချိန်ခန့်က ခွန်အောင်သာ၏ နေအိမ်ခြံ၀င်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၆၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၃၃၀)၊ MITSUBISHI အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်လည်း စက်တင်ဘာ ၁ ရက် ည ၉ နာရီခန့်က စိုင်းဖွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အိုက်ခမ်းကောင်(ခ)ခမ်းကောင် မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ CROWN မော်တော်ယာဉ်ပေါ်မှ ၎င်းတို့ သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၂၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် သာကေတမြို့နယ်တွင်လည်း စက်တင်ဘာလ ၁ ရက် နေ့လယ် ၁ နာရီခန်က လမ်းလျောက်လာသည့် မမိုးမိုးသန်းအား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသော လက်ဆွဲအိတ် အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင် ခွန်အောင်သာ(၄၉)နှစ်အား ကျောက်တလုံးကြီးနယ်မြေ ရဲစခန်း၊ စိုင်းဖွန်း(၁၈)နှစ်နှင့်  အိုက်ခမ်းကောင်(ခ)ခမ်းကောင်(၂၅)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်း၊ မမိုးမိုးသန်း(၃၇)နှစ်အား သာကေတမြို့မရဲစခန်းတို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Photo – CCDAC


LEAVE A REPLY

Please enter your comment!
Please enter your name here