ယူကရိန်းက တာဝေးပစ်လက်နက်သစ်များ ထုတ်လုပ် ဖြန့်ချထားပြီဟု ဇလန်းစကီးပြော

0
336

ကီလိုမီတာ ၇၀၀(၄၃၅ မိုင်ခန့်) အကွာအဝေးရှိ ပစ်မှတ်ကို ထိအောင်ပစ်နိုင်သည့် တာဝေးပစ် လက်နက်သစ်တစ်မျိုးကို ယူကရိန်းနိုင်ငံက တီထွင်ထုတ်လုပ်ထားပြီး စစ်မြေပြင်တွင် ဖြန့်ချထားပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးကပြောကြားလိုက်သည်။

ယင်းလက်နက်သစ်ကို ယူကရိန်းနိုင်ငံ မဟာဗျူဟာဆိုင်ရာ စက်မှုလုပ်ငန်းဝန်ကြီးဌာနက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သူကဆိုသော်လည်း လက်နက်နှင့်ပတ်သက်၍ အသေးစိတ်ကိုမူ မပြောခဲ့ချေ။

“ကျွန်တော်တို့ရဲ့ ယူကရိန်းလက်နက်သစ်တွေ ပစ်နိုင်တဲ့အကွာအဝေးက ကီလိုမီတာ ၇၀၀ ပါ။ ဒီကိန်းဂဏန်းကို ပိုကြီးအောင်လုပ်သွားမှာဖြစ်တယ်” ဟု ဇလန်းစကီးက ယခင်က Twitter ဟုလူသိများသော ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှ ပို့စ်တစ်ခု၌ ကြာသပတေးနေ့ညနှောင်းပိုင်းက ရေးသားခဲ့သည်။

“ကျွန်ုပ်တို့၏လက်နက်များ၏ရလဒ်များ – ယူကရိန်းလက်နက်အသစ် – ကီလိုမီတာ ၇၀၀ အကွာအဝေး” ဟူသည့်အချက်များကိုလည်း သူ၏ညစဉ်ဗီဒီယိုမိန့်ခွန်းတွင်လည်း ထည့်သွင်းပြောကြားခဲ့သည်။ “နောက်ပြီးတော့ တာဝန်က ပိုလုပ်ရမှာပေါ့”ဟုလည်း သူကဆိုသည်။

ယူကရိန်း၏ အနောက်နိုင်ငံ မဟာမိတ်များက ၎င်းတို့ ထောက်ပံ့ပေးသော လက်နက်များဖြင့် ရုရှားပိုင်နက်နယ်မြေများကို တိုက်ခိုက်ခြင်းအား တားမြစ်ထားသော်လည်း ယူကရိန်းသည် ၎င်း၏ ကိုယ်ပိုင်လက်နက်များဖြင့် ရုရှားစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ပိုင်ခွင့်ရှိသည်ဟု ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here