အိန္ဒိယသည် နေကို စောင့်ကြည့်မည့်ဒုံးပျံကို လွှတ်တင်

0
207

သမိုင်းဝင်​အောင်မြင်မှုအဖြစ်အိန္ဒိယနိုင်ငံ၏ အာကာသအေဂျင်စီသည် လ၏တောင်ဝင်ရိုးစွန်းပေါ်သို့ ဆင်းသက်ပြီး တစ်ပတ်ကျော်အကြာတွင် နေကို လေ့လာရန် ဒုံးပျံကို လွှတ်တင်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် လပေါ်သို့ မောင်းသူမဲ့ ဆင်းသက်အောင်မြင်ပြီး တစ်ပတ်ကျော်အကြာဖြစ်သည့်ယ​နေ့တွင် နေကို လေ့လာရန် ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

နေ၏ အပြင်ဘက်အလွှာကို စောင့်ကြည့်ရန် သိပ္ပံနည်းကျ ကိရိယာများ သယ်ဆောင်လာသည့် Aditya-L1 ဒုံးပျံသည် ၎င်း၏ လေးလကြာ ခရီးအတွက်ယ​နေ့ စနေနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် လွှတ်တင်ခဲ့သည်။

Indian Space Research Organisation (ISRO) ဝက်ဘ်ဆိုက်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။အဆိုပါ ထုတ်လွှင့်မှုကို ကြည့်ရှုသူ 500,000 နီးပါးက ကြည့်ရှုခဲ့ကြသည်။

ISRO ၏ အဆိုအရ အဆိုပါ အာကာသယာဉ်သည် နေကို စနစ်တကျ လေ့လာမည်ဖြစ်ပြီး  အိန္ဒိယ၏ အာကာသအေဂျင်စီနှင့် သိပ္ပံပညာဆိုင်ရာ အဖွဲ့အစည်းတို့ ပူးပေါင်း၍တီထွင်ခဲ့သည့် ကိရိယာများသယ်​ဆောင်သွားသည်။

Source:Aljazeera

ပုံစာ- ၂၀၂၃ခုနှစ် မတ်လ ၇ ရက်နေ့တွင် ရိုက်ကူးခဲ့သော လွန်ကဲသည့်ခရမ်းလွန် ရောင်ခြည်ဖြင့် မြင်တွေ့ရသည့် နေ [File: ESA & NASA/Solar Orbiter) /EUI အဖွဲ့/ Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here