ထန်းတပင်မြို့နယ်တွင် ကား ၃ စီးဆင့်တိုက်၍ ၁ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

0
112

ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်တွင် စက်တင် ဘာ ၂ ရက်ညပိုင်းက ကား ၃ စီးဆင့်တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီခန့်က ထန်းတပင်မြို့နယ်၊စန္ဒယှောကျေးရွာအနီးတွင် ကား ၃ စီးဆင့်တိုက်မိပြီး ကုန်တင်ကားနှင့် Hijet ကားတို့မှာ လမ်းဘေးရေမြောင်းအတွင်းထိုးကျကာ ကျန်တစ်စီးမှာလမ်းပေါ်၌တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကားတိုက်မှုဖြစ်ပြီး Hijet ကားခေါင်းခန်းမှာလိုက်လာတဲ့လူတစ်ယောက်ကညပ်နေလို့ ကယ်ထုတ်ခဲ့ရတယ် ကားတိုက်မှုဖြစ်တဲ့အချိန်နဲ့ဆိုရင် အတော်ကြာအောင် ကယ်ထုတ်ရတယ်လို့ပြောရမယ် ဒီနေ့မနက် ၂ နာရီခွဲလောက်မှ ညပ်နေတဲ့ခေါင်းခန်းကနေကယ်ထုတ်နိုင်ခဲ့တယ် ၄ နာရီခွဲလောက်ကြာအောင်ကယ်ထုတ်ခဲ့ရတယ်”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

Hijet ကားခေါင်းခန်းအတွင်းညပ်နေသည့် အမျိုးသားအား ကယ်ထုတ်ပြီးနောက် ထာဝရအလင်းတန်းလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြရာ ဆေးကုသမှုခံယူစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကား ၃ စီးဆင့်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သွေးဒါနမျိုးဆက်/ထာဝရအလင်းတန်း


LEAVE A REPLY

Please enter your comment!
Please enter your name here